အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေအား ရေးဆွဲနေ
အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ၏ လိုအပ်ချက်များအား တုန့်ပြန်ဖြည့်ဆည်းပေးရန်၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ဖို့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေအား ရေးဆွဲနေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားပါတယ်။