ပခုက္ကူနှင့် ညောင်ဦးခရိုင်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများပြားလာပြီး ELEVEN MEDIA GROUP မှ ရေသယ်ယာဉ်ဖြင့် ဆက်လက်ရေလှူဒါန်း
ပခုက္ကူနဲ့ ညောင်ဦးခရိုင်အတွင်း အခု ဧပြီလကုန်ပိုင်းမှာ နေ့အပူချိန် မြင့်တက်လာမှုနဲ့ စက်ရေတွင်း ချို့ယွင်းမှုတွေကြောင့် သောက်သုံး ရေရှားပါးတဲ့ ကျေးရွာများပြားလာပြီး ELEVEN MEDIA GROUP မှ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက ပံ့ပိုးတဲ့ ရေသယ်ယာဉ်နဲ့ ရေဆက်လက် လှူဒါန်းနေပါတယ်။















