ဘိုကလေးမြို့တွင် သာမန်ပြည်သူများအား မူးယစ်ဆေးဝါး ရောင်းချနေသည်ဆိုကာ ရှာဖွေခံနေရမှုများနှင့် ပတ်သက်ပြီး နစ်နာမှုများ ရှိသည်ဆိုကာ ရှာဖွေခံရသူများမှ နိုင်ငံတော်သမ္မတထံ စာပို့ တိုင်ကြား
ဘိုကလေးမြို့မှာ သာမန်ပြည်သူတွေကို မူးယစ်ဆေးဝါး ရောင်းချနေတယ်ဆိုပြီး နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေခံနေရမှုကြောင့် မိသားစုဂုဏ်သိက္ခာနဲ့ နိုင်ငံသား အခွင့်အရေးများ၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ နစ်နာဆုံးရှုံးခဲ့ရလို့ နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ် ကူညီပေးပါရန်ဆိုပြီး ရှာဖွေခံရသူများက စာပို့တင်ပြ တိုင်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။