လူကြုံပါးသည့်အထုပ်ကိုယူလာမိရာမှ မူးယစ်ဆေးသုံးပြားတွေ့ရှိမှုကြောင့် ထိုင်းတွင် နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာကျောင်းသားပြန်လည်လွတ်မြောက်
သောင်ရင်းမြစ်ရေလယ်ကျွန်းမှ မြဝတီမြို့ အမှတ်(၃)အထက်တန်းကျောင်းခွဲသို့ ကျောင်းတက်ရန်အလာ လူကြုံပါးလိုက်တဲ့ အထုပ်ကို ယူဆောင်လာမိရာမှ မူးယစ်ဆေးသုံးပြားနှင့်အတူ ထိုင်းနိုင်ငံဘက်မှာ နှစ်လကျော်ကြာ ဖမ်းဆီးခံရသူ မြန်မာကျောင်းသားလေး ဧပြီ၂၉ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။