သီရိလင်္ကာတွင် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ရန် စစ်သွေးကြွများ ပြင်ဆင်နေဖွယ်ရှိဟု အမေရိကန်သံအမတ် သတိပေး
သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတချို့ဟာ လွတ်မြောက်နေဖွယ်ရှိပြီး တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေနိုင်တယ်လို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်က သတိပေး ပြောဆိုလိုက်ပါတယ်။