■ ရွှေတိဂုံစေတီတော်ကြီး၏ မည်းနေသော အောက်ကြာနုဧရိယာရှိ ရွှေစင်ပြားများကို သီးခြားအလုပ်ရုံတွင် ထားရှိကာ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး မည်သူ့ကိုမှ ကန်ထရိုက်မပေးဟု ထုတ်ပြန်
■ လွိုင်ကော်စက်မှုဇုန် အမှတ် (၂) မြေဧက ၁၀၀ ကျော်အတွင်း သတ္ထုသန့်စင်စက်ရုံ တည်ဆောက်ရန် မူလမြေပိုင်ရှင်များအား တစ်ဧက ကျပ်သိန်း (၈၀) နှုန်းဖြင့် လျော်ကြေးပေး
■ ဆိုမာလီယာနိုင်ငံတွင် စစ်သွေးကြွများ၏ တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၅ ဦး သေဆုံး ■ နယူးဇီလန်တွင် ရောင်းချသော စတော်ဘယ်ရီသီးထဲတွင် ချုပ်အပ်တွေ့ရှိမှု ထပ်မံဖြစ်ပွားခဲ့ အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေ ပါဝင်ပါတယ်။