“မေမီကိုကိုက မိဘကိုရှာကျွေးတဲ့သမီးလေးပါ” လို ့ဆိုခဲ့တဲ့ မိခင် ဒေါ်သဇင် နဲ ့ “လေဖြတ်ပြီးကျန်းမာရေး မကောင်းဖြစ်နေတာတောင် သမီးလေးကြောင့်သေလို ့မဖြစ်သေးဘူး” ဆိုပြီး အားတင်းခဲ့တယ်ဆိုတဲ့ ဖခင် ဦးကိုကိုလေး
“ပျားရည်အိုင်” ရုပ်ရှင်ဇာတ်ကားမှာ မြိုင် ဆိုတဲ့ကာရိုက်တာနဲ ့ပရိသတ်တွေရဲ ့ချစ်ခင်မှုရရှိခဲ့ပြီး လက်ခံအားပေးခြင်းခံခဲ့ရတဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ သူမဟာ ငယ်စဉ်ကတည်းက အနုပညာကို ၀ါသနာပါသူတစ်ယောက်ဖြစ်တယ်လို ့သူမရဲ ့မိဘတွေကပြောပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ မိဘကိုရှာကျွေးတဲ့သမီးလေးဖြစ်တယ်လို ့ မိခင် ဒေါ်သဇင် က ဆိုခဲ့ပြီး သူမရဲ ့ဖခင်ကတော့ လေဖြတ်ပြီး ကျန်းမာရေးမကောင်းဖြစ်လို ့ဘာအလုပ်မှမလုပ်နိုင်တော့ပေမယ့် သမီးလေးကြောင့်သေလို ့မဖြစ်သေးဘူးဆိုပြီး အားတင်းခဲ့တဲ့အကြောင်းများကို အခုလိုပဲပြောပါတယ်။