အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေ အမျိုးသား၏ ရဲရှေ့ထွက်ဆိုချက်နှင့် ရုံးတော်ရှေ့ထွက်ချက်များ ကွဲလွဲနေ
အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ သန်းထွဋ်အောင်အပါအဝင် သုံးဦးနဲ့သိကျွမ်းတဲ့ မျက်မြင်သက်သေ အမျိုးသားရဲ့ ထွက်ဆိုချက်တွေဟာ ရုံးတော်နဲ့ ရဲရှေ့ထွက်ချက်တွေ ကွဲလွဲနေတာကြောင့် ဥပဒေအရာရှိမှ ရုံးတော်ကို တိုက်ရိုက်စစ်ဆေးခွင့် လျှောက်ထားခဲ့ရပါတယ်။