ဂျပန် ထီးမွေ/နန်းမွေကို တရားဝင် ဆက်ခံကာ ပြည်သူများ၏ အမှတ်သင်္ကေတအဖြစ် ရပ်တည်သွားမည်ဟု ဂျပန်ဧကရာဇ်သစ် နာရူဟီတို ကတိပြု
ဂျပန်နိုင်ငံရဲ့ ဧကရာဇ်သစ် နာရူဟီတိုဟာ ဖခင်ဖြစ်သူ ဧကရာဇ် အကီဟီတိုရဲ့ ထီးနန်း အရိုက်အရာကို တရားဝင် ဆက်ခံခဲ့ပြီး ဂျပန်ပြည်သူတွေရဲ့ စည်းလုံးညီညာမှု အမှတ်သင်္ကေတအဖြစ် ရပ်တည်သွားမယ်လို့ မေလ ၁ ရက်နေ့မှာ ကတိပြုခဲ့ပါတယ်။