ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှု တွင် မီးငြိမ်းသတ်ရင်း သေဆုံးခဲ့သည့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းအား စွမ်းဆောင်မှုဆိုင်ရာ ရဲသူရိန်တံဆိပ် ချီးမြင့်
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း ဦးခေါင်းဒဏ်ရာရာ ရရှိကာ သုံးလကျော်ကြာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တဲ့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းကို မေလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ (၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲသူရိန် တံဆိပ် ချီးမြင့် အပ်နှံခဲ့ပါတယ်။