ပန်ဆန်း (သို့မဟုတ်) တရုတ်ဆန်သော ၀ မြို့တော် (ရုပ်သံအစီအစဉ်)

ပန်ဆန်း (သို့မဟုတ်) တရုတ်ဆန်သော ၀ မြို့တော် (ရုပ်သံအစီအစဉ်)
Published 6 May 2019

- မြန််မာနိုင်ငံနယ်နိမိတ်ထဲမှာပါနေပေမယ့် တရုတ်ရုံးသုံးဘာသာစကားသာသုံးပြီး ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးပိုင်း လက်လှမ်းမမီတဲ့ ၀ လူမျိုးတွေရဲ့ မြို့တော်…။ - တရားဝင်သုံးစွဲတဲ့ငွေကြေးကလည်း တရုတ်ငွေကြေးဖြစ်သလို တရုတ်လူမျိုးတွေအများစုလည်း စီးပွားရေးလာရောက်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံတွင်းက မြို့လို့တောင် ထင်ဖို့ခက်တဲ့တဲ့မြို့…။ - အစိုးရနဲ့ ဒီမြို့ကို ထိန်းချုပ်ထားတဲ့ UWSP/UWSA အဖွဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ကလည်း တရုတ်နိုင်ငံ ဘက်ကပဲ အဓိက ကြားဝင်စေ့စပ်ပေးနေရချိန်…။ - အဲ့ဒီမြို့ဟာ ဘာကြောင့် တရုတ်ယဉ်ကျေးမှုတွေနဲ့ တရုတ်ဆန်နေရတာလဲ…။ ဒီလို တရုတ်နိုင်ငံရဲ့ အငွေ့အသက်တွေ လျော့နည်းအောင် ဘာတွေလုပ်ဖို့လိုအပ်နေသလဲဆိုတာ….။