သရုပ်ဆောင်ဝေဠုကျော်နှင့် သင်းသင်းအမှုရုံးချိန်းတွင် ဖုန်းပြောဆိုထားသည့်အသံဖိုင်များနှင့် ဓာတ်ပုံ တစ်ပုံကို တရားလို သင်းသင်းဘက်က သက်သေခံအဖြစ် တင်သွင်း
ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်အမှု မေ ၆ ရက် ရုံးချိန်းမှာ တရား လို သင်းသင်းဘက်က ရှေ့နေက သင်းသင်းနဲ့ဝေဠုကျော်တို့ဖုန်းပြောဆိုထားတဲ့ အသံဖိုင်များနဲ့ ဓာတ်ပုံ တစ်ပုံကို သက်သေခံအဖြစ် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။