NRPC ၊ KNPP နှင့် ကယားပြည်နယ်အစိုးရတို့ ဆွေးနွေးပွဲတွင် သဘောတူညီချက်ငါးချက်ရခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးပွဲဖြစ်ခဲ့ဟု KNPP ဒုဥက္ကဋ္ဌပြော
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကယားပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ ညှိနှိုင်းအစည်းအဝေးကိုမေလ ၆ ရက်နေ့က လွိုင်ကော်မြို့ Famous Hotel မှာ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်ငါးချက် ရရှိခဲ့တယ်လို့ သိရပါတယ်။