မန္တလေးတိုင်းအတွင်း၂၃မြို့နယ်မှတောင်သူများကို ၂၀၁၉ မိုးရာသီစိုက်စရိတ်ချေးငွေကျပ်သန်းပေါင်းတစ်သိန်းကျော်ထုတ်ချေး ပေးရန် လျာထားပြီး ချေးငွေပထမရက်တွင် ကျပ်သန်းခြောက်ရာကျော် ထုတ်ချေးပေး
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၂၃မြို့နယ်က တောင်သူတွေကို ၂၀၁၉ မိုးရာသီ စိုက်စရိတ်ချေးငွေ ကျပ်သန်းပေါင်းတစ်သိန်းကျော် ထုတ်ချေးပေးဖို့ လျာထားပြီး ချေးငွေထုတ်ချေးတဲ့ ပထမရက်ဖြစ်တဲ့ မေလ ၆ ရက်နေ့မှာ ကျပ်သန်းခြောက်ရာကျော်ထုတ်ချေးပေးခဲ့တယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) ထံက သိရပါတယ်။