လယ်သမားများ၏ ဘဏ်သို့ပြန်ဆပ်ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပေးသွင်းခြင်း မပြုခဲ့တာကြောင့် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေးဒရဲမြို့နယ် မော့ကြီးကျေးရွာမှ လယ်သမားများ သတင်းစာရှင်းလင်း (ရုပ်သံ)
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကိုပေးသွင်းရမယ့် စိုက်ပျိုးစရိတ်ဘဏ်ဆပ်ငွေတွေကို ကျေးရွာအုပ်ချုပ်ရေး မှူးထံပေးအပ်ခဲ့ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဘဏ်သို့ပေးသွင်းခြင်းမရှိခဲ့တာကြောင့် လယ်သမားတွေ အနေနဲ့ ချေးငွေထပ်မရရှိပဲဖြစ်နေပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေးဒရဲမြို့နယ် မော့ကြီးကျေးရွာ အုပ်စုမှလယ်သမားတွေက ပြောပါတယ်။