မဒေးကျွန်းရေနက်ဆိပ်ကမ်းမှ တရုတ်သို့ ရေနံစိမ်းများ တင်ဆောင်ရာတွင် ဆီယိုမှုများ ဖြစ်လာနိုင်ပြီး သဘာဝသယံဇာတနှင့် အကျိုးစီးပွားများ ထိခိုက်နိုင်မှုကြောင့် ကာကွယ်ပေးရန် အမျိုးသားလွှတ်တော်သို့ အဆိုတင်
ရခိုင်ပြည်နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများ တင်ဆောင်ရာမှာ ဆီယိုဖိတ်မှုများ ဖြစ်လာနိုင်လို့ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်နေတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ဖို့ ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များ စီမံရေးဆွဲပေးရန် အဆိုတစ်ခုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။