ထိုင်းအထွေထွေရွေးကောက်ပွဲတွင် သက်ဆင်နှင့် ဆက်နွယ်သည့် ဖြူထိုင်းပါတီက အောက်လွှတ်တော်၌ အမတ်နေရာ ၁၃၆ နေရာရရှိကာ ဦးဆောင်နေဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြု
ထိုင်းနိုင်ငံမှာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ မတ်လ၂၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ဆက်နွှယ်နေတဲ့ ဖြူထိုင်းပါတီက အောက်လွှတ်တော်မှာ ၁၃၆ နေရာ ရရှိထားပြီး ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က မေလ ၇ ရက်နေ့က အတည်ပြုခဲ့ပါတယ်။