မေလ ၁၈ရက် နောက်ပိုင်းမှသာ မုတ်သုန်ဝင်မည်ဖြစ်ပြီး မုတ်သုန်မဝင်မချင်း ရန်ကုန်အပါအဝင် တိုင်းဒေသ ကြီး ငါးခုတွင် နေ့အပူချိန်များ ပုံမှန်ထက် မြင့်တက်နေမည်ဟု မိုး/ဇလ တာဝန်ရှိသူဆို
မေ ၁၈ရက်နေ့ နောက်ပိုင်းမှသာ မုတ်သုန်ဝင်နိုင်ပြီး မုတ်သုန် မဝင်မချင်း နေ့အပူချိန်များ ပုံမှန်အတိုင်း ဆက်လက်မြင့်တက်နေဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးရဲ့ပြောကြားချက်အရသိရပါတယ်။