လူးကပ်စ်မော်ရာကို စူပါဟီးရိုးဟု ပိုချက်တီနို ချီးကျူးခဲ့ပြီး အဲရစ်ဆင်ကလည်း ရုပ်တုပြုလုပ်ပေး၍ ဂုဏ်ပြုသင့်ကြောင်း ပြောဆို
ပြီးခဲ့တဲ့အေဂျက်စ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာ စပါးအသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သူ ကွင်းလယ်လူ လူးကပ်စ်မော်ရာကို စပါးအသင်းနည်းပြ ပိုချက်တီနိုက စူပါဟီးရိုးလို့ ချီးကျူးခဲ့ပြီး အသင်းဖော်ကွင်းလယ်လူ အဲရစ်ဆင်ကလည်း လူးကပ်စ်မော်ရာအား ရုပ်တုပြုလုပ်ပေးကာ ဂုဏ်ပြုသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။