ထောင်တွင်းဆူပူမှုများ ဖြစ်ပေါ်ခြင်းသည် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များ ချို့ယွင်းမှုရှိ၍ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌပြောကြား
ထောင်တွင်းဆူပူမှုတွေဖြစ်ပေါ်ခြင်းဟာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေ ချို့ယွင်းမှုရှိလို့ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွေးက မေလ ၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။