မေလ (၁၀) ရက်နေ့ ၊ အားကစားသတင်းအစီအစဉ်

မေလ (၁၀) ရက်နေ့ ၊ အားကစားသတင်းအစီအစဉ်
Published 10 May 2019

■ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုရောက်ရှိရုံဖြင့် အောင်မြင်မှု မရရှိသေးဟု အသင်းသားများကို အာဆင်နယ်နည်းပြ အမ်မရီ သတိပေး

■ ရာသီပိတ်ပွဲတွင် မန်စီးတီးဗိုလ်စွဲပါက ဖလားအစစ်ကိုင်မြှောက်ရမည်ဖြစ်ပြီး လီဗာပူးလ်ဗိုလ်စွဲပါက ပုံစံတူဖလားကိုသာ ကိုင်မြှောက်ရမည်

■ ဘာစီလိုနာကိုကျော်ဖြတ်ခဲ့သည့် လီဗာပူးလ်အသင်းနှင့် နည်းပြကလော့ပ်ကို သူရဲကောင်းများဟု ပိုချက်တီနို ချီးကျူးခဲ့ပြီး အင်္ဂလိပ်နှစ်သင်းကြားက အံ့အားသင့်ဖွယ် ဗိုလ်လုပွဲဖြစ်လာမည်ဟု သုံးသပ်

■ လီဗာပူးလ်နှင့်စပါးအသင်းတို့ကစားမည့် ချန်ပီယံလိဂ်ဖိုင်နယ် ဖွင့်ပွဲအခမ်းအနားတွင် နာမည်ကျော်ရော့ခ်ဂီတအဖွဲ့ Imagine Dragons ဖျော်ဖြေမည်

■ WLC-9 လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာပြည်ချန်ပီယံဟောင်းဒေ့ဗ်နှင့် အမေရိကန်နိုင်ငံသား UFC ဖိုက်တာဟောင်း ဘာ့စ်ဇင်စကီတို့ တွဲဆိုင်း ပါဝင်မည်

အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။