မေလ ၁ဝရက်နေ့ ညပိုင်းသတင်းအစီအစဉ်

မေလ ၁ဝရက်နေ့ ညပိုင်းသတင်းအစီအစဉ်
Published 11 May 2019

1. လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စရဖများ၏ သတင်းရယူမှုများအား ဥပဒေနှင့်ညီညွတ်မှုမရှိဟု သတ်မှတ်ပါက အခြားသတင်းရယူသူများပါ အကျုံးဝင်သွားမည်ကို ထည့်စဉ်းစားရမည်ဟု ကာကွယ်ရေး ဒုဝန်ကြီး ဆို

2. ရွှေဘိုအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်ကို live လွှင့်ခဲ့မှုတွင် ထောင်ဝန်ထမ်းက အကျဉ်းသားကို ရောင်းထားသည့် ဖုန်းဖြင့် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အရေးယူသွားမည်ဟု အကျဉ်းထောင်တာဝန်ရှိသူ ပြောကြား

3. ရန်ကုန်တိုင်းအတွင်းတည့််ဆောက်မည့် ထန်းတပင်နည်းပညာဆိုင်ရာစက်မူဇုန် အပါအဝင် စီမံကိန်းအသစ် ၁၉ ခုကို Yangon Investment Forum 2019 တွင် MoU လက်မှတ်ရေးထိုးခဲ့

4. ဒေါ်လာဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို အမေရိကန်က စည်းကြပ်ခွန် တိုးမြှင့်သတ်မှတ်မှု ယနေ့တွင် စတင်အသက်ဝင်လာခဲ့ပြီး တရုတ်အစိုးရက လက်တုံ့ပြန်သွားမည်ဟု ဆို

5. ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ အမေရိကန်တွင် ခြေစမ်းပွဲကစားရမည်ဖြစ်သဖြင့် နားချိန်မလုံလောက်မည်ကို ချယ်လ်ဆီးနည်းပြ ဆာရီ စိုးရိမ် အစရှိတဲ့သတင်းတွေအပြင်ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းတွေပါဝင်ပါတယ် ။

Most Viewed

Most Recent