ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရမှ သဘောတူညီခြင်းမရှိဘူးဆိုတာ မဟုတ်ဘဲ လက်ရှိမှာမြေယာလျော်ကြေးပေး ဖို့ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား
ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ ဆောက်လုပ်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကနေ သဘောတူညီခြင်းမရှိဘူးဆိုတဲ့ ကိစ္စမှာ မဟုတ်မှန်ဘဲ လက်ရှိမှာ မြေယာလျော်ကြေးပေးဖို့တွေ ဆက်လက်ဆောင်ရွက် နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။