Football Talkshow (ရုပ်သံအစီအစဉ်) ■

Football Talkshow (ရုပ်သံအစီအစဉ်) ■
Published 28 November 2018

စပါး နဲ့ အင်တာမီလန်၊ PSG နဲ့ လီဗာပူးလ် (နိုဝင်ဘာလ ၂၉ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ) ■

စပါးက နောက်ပိုင်းနှစ်တွေမှာ အင်တာမီလန်ထက် ချန်ပီယံလိဂ်နဲ့ ပိုရင်းနှီးနေတယ်ဆိုပေမယ့် လက်ရှိအင်တာမီလန်က စပါးထက် ပိုအားနည်းတဲ့အချက်မရှိဘူး။ စပါးမှာ ဟာရီကိန်း၊ အယ်လီ၊ အဲရစ်ဆင်တို့ရှိသလို အင်တာမှာလည်း အီကာဒီ၊ ပါရီဆစ်၊ နိုင်ဂိုလန် တို့လို ကစားသမားကောင်းတွေရှိနေတယ်။ အင်တာ မရှုံးနိုင်ဘူး။ ■ ဥရောပအောင်မြင်မှုတွေ မျှော်လင့်ပြီး တည်ဆောက်ထားတဲ့ PSG အသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်သွားမယ်ဆိုရင် ရာဇဝင်ရိုင်းသွားမယ်။ PSG အိမ်ကွင်းမှာ လီဗာပူးလ် ကံကောင်းမှပဲ သရေတစ်မှတ်ရမယ်။ ■ အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုမရှိခဲ့တာနဲ့ စပါးအသင်း အဓိက ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေတွေကြောင့် အရင်ကမြင်ခဲ့ဖူးတဲ့ စပါးအသင်းလုံးဝပျောက်ကွယ်သွားခဲ့ပြီလို့ ထင်မှတ်ထားရာကနေ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေပြန်မှန်လာတယ်။ အထူးသဖြင့် ပြိုင်ပွဲစုံရှုံးပွဲမရှိထားတဲ့ ချယ်လ်ဆီးကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စပါးရဲ့အကောင်းဆုံးပုံစံကို မြင်ခဲ့ရတယ်။ အဲဒီစိတ်ဓါတ်ပိုင်းနဲ့ ယုံကြည်မှုတွေကြောင့် အင်တာနဲ့ပွဲမှာလည်း စပါးပဲ အနိုင်ရသွားမယ်လို့ထင်တယ်။ ■ PSG မှာ ချန်ပီယံလိဂ်ကိုစိန်ခေါ်နိုင်တဲ့ အသင်းကြီးတစ်သင်းမှာရှိသင့်တဲ့ စိတ်ဓါတ်ပိုင်းတည်ငြိမ်မှု၊ အတွေ့အကြုံရင့်ကျတ်မှုမျိုး မရှိဘူး။ ဒါကို အသင်းကြီးတွေနဲ့ တွေ့တဲ့ပွဲတွေမှာ မကြာခဏတွေ့နေရတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ နေမာ၊ ဘာပေတို့လည်းပြန်ပါလာပြီ။ ပြီးတော့ အမှားခံလို့မရတော့တဲ့အခြေအနေနဲ့ အိမ်ကွင်းအားသာချက်ကြောင့် ရလဒ်ကောင်းတော့ ရလိမ့်မယ်။

Most Viewed

Most Recent