အင်းလေးကန်အတွင်း ဗေဒါပိတ်ဆို့မှု များလာသဖြင့် ကျေးရွာများ သွားရေးလာရေး ခက်ခဲနေပြီး အင်းတောင်ပိုင်း၌ ရေလမ်းခရီး အသုံးပြုသူ နည်းလာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ ဗေဒါရေမှော်ပင်တွေ ပိတ်ဆို့မှု များပြားလာတာကြောင့် အင်းအတွင်း ကျေးရွာတွေ သွားရေးလာရေး ခက်ခဲနေပြီး အင်းတောင်ပိုင်းရွာတွေမှာ ရေလမ်းအသုံးပြုပြီး သွားလာသူ နည်းလာတယ်လို့ အင်းလေးဒေသခံ တွေဆီက သိရပါတယ်။