အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရာတွင် မည်သည့် ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ရန် ဥပဒေကြောင်းအရ လိုအပ်ပါက ပြင်ဆင်သင့်ဟု တပ်မတော်သား ကိုယ်စားလှယ် အကြံပြု
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရာမှာ ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်သာမက မည်သည့် ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ရန် ဥပဒေကြောင်းအရ လိုအပ်ချက်ရှိပါက ပြင်ဆင်သင့်ကာ ပြဌာန်းချက်သာရှိပြီး တိုက်ဖျက်ရေး လုပ်ဆောင်မှု အားနည်းနေခြင်းအပေါ် ဘက်ပေါင်းစုံမှ အားပေးကူညီသင့်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေက အကြံပြုဆွေးနွေးခဲ့ပါတယ်။