ရေအားလျှပ်စစ် စီမံကိန်း ၅ ခုအတွက် ပြင်ဆင်ရေး ဆောင်ရွက်ရန် ပြင်သစ် ဖွံဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅.၇ သန်း ချေးငွေရယူရေး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး
ရေအားလျှပ်စစ် စီမံကိန်း ၅ ခု ပြင်ဆင်ရေး ဆောင်ရွက်ဖို့အတွက် ပြင်သစ် ဖွံဖြိုးတိုးတက်ရေး အေဂျင်စီဆီကနေ ယူရို ၃၅.၇ သန်း ချေးငွေရယူဖို့အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးက မေလ ၁၃ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။