တရားရေးဌာနနှင့် ပညာရေးဌာနတို့တွင် လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်နေခြင်းသည် တိုင်းပြည်အတွက် ရင်လေးစရာဖြစ်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ထောက်ပြဆွေးနွေး
တရားရေးဌာနနဲ့ ပညာရေးဌာနတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပေါ်နေတာဟာ တိုင်းပြည်အတွက် ရင်လေးစရာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းက ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။