လူတစ်ဦးသေဆုံးပြီးတစ်ဦးမျက်မမြင်ဖြစ်စေသည်အထိယာဉ်တိုက်မှုကျူးလွန်သူကိုထောင်ဒဏ် ၁ နှစ် ၇ လ သာချမှတ်မှုအပေါ် မကျေနပ်ဟုဆိုကာ မြဝတီမြို့တွင် ဆန္ဒထုတ်ဖော်
လူတစ်ဦးသေဆုံးပြီးတစ်ဦးမျက်မမြင်ဒုက္ခိတဖြစ်စေတဲ့အထိယာဉ်တိုက်မှုကျူးလွန်သူကိုထောင်ဒဏ် ၁ နှစ် ၇ လ သာကျခံစေရန် အမိန့်ချမှတ်မှုအပေါ် ကျေနပ်မှုမရှိတာကြောင့်ဆိုကာမျက်မမြင်ဖြစ်ခဲ့ရတဲ့ သူအပါအဝင် လူအချို့က မြဝတီမြို့မှာမေ ၁၄ ရက်ကဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။