မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကုမ္ပဏီနဲ့ ့ ဒေသခံတွေ အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သတင်းထောက် တစ်ဦးအပါအဝင် ရွာသားငါးဦး ဖမ်းဆီးခံရ တယ်လို့ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက ပဋိက္ခဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုဖြစ်စဉ်ကို Channel Mandalay TV Facebook Page မှာ တိုက်ရိုက် Live ထုတ်လွှင့်တင်ဆက်နေတဲ့ သတင်းထောက်တစ်ဦး အပါအဝင် ဒေသခံ ရွာသားလေးဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ပဋိပက္ခဖြစ်ပွားမှု အခြေအနေကတော့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေအကြားမှာ ညှိနှိုင်းနေဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။