နေပြည်တော်ကောင်စီနယ်မြေရှိ ကျူးကျော်များအတွက် မြေကွက်ပေးခြင်းနှင့် အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ပေးရန် မူဝါဒ ယခုအစိုးရသက်တမ်းအတွင်း ထွက်လာရန်ရှိဟုဆို
နေပြည်တော်ကောင်စီနယ်မြေမှာ စာရင်းကောက်ယူထားတဲ့ ကျူးကျော် ၉၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် မြေကွက်ပေးခြင်းနှင့် အထပ်မြင့်ဆောက်အဦဆောက်လုပ်ပေးရန် မူဝါဒသီးခြားမထွက်သေးပေမယ့် လက်ရှိ အစိုးရသက်တမ်းအတွင်း မကြာခင်ထွက်လာဖို့ရှိတယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။