ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုး အစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေး အစိုးရက ကူညီပေးရန်အဆို
ပြည်သူ့လွှတ်တော်အတည်ပြု ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chain မှာ ပြည်တွင်းထုတ်လုပ်မှုများ အချိုး အစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေးနဲ့ လိုအပ်တဲ့ငွေကြေး နည်းပညာအထောက်အပံ့များရရှိစေရေး ကူညီ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။