ဝန်ကြီးချုပ်သစ်လက်ထက် တနင်္သာရီတိုင်းအစိုးရနှင့် ပြည်သူလူထု ပထမဆုံးတွေ့ဆုံပွဲကို ဒေသခံများအား အသိမပေးသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုလည်း အနီးကပ်အချိန်ကျမှ အသိပေးခဲ့ဟုဆို
ဝန်ကြီးချုပ်သစ်ဦးမြင့်မောင်လက်ထက် တနင်္သာရီတိုင်းအစိုးရနဲ့ ပြည်သူလူထု ပထမဆုံးတွေ့ဆုံပွဲကို မေ ၁၅ ရက်က ထားဝယ်မြို့တော်ခန်းမမှာပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ဒေသခံများကို အသိပေးကြေညာခြင်းမရှိသလို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း အနီးကပ်အချိန်ကျမှ အသိပေးခဲ့တာကြောင့် ဝေဖန်မှုအချို့ရှိခဲ့ တယ်လို့ သိရပါတယ်။