ဟင်္သာတမြို့ တာပေါ်စျေးမှ ငရုတ်သီးအရောင်တင်မှုန့်ကို စစ်ဆေးရာတွင် ကျောက်ကပ်ပျက်စီးစေနိုင်သည့် ဆိုးဆေးတွေ့ရှိခဲ့ပြီး ရန်ကုန်ဘက်က ဖြန့်ချိခြင်းဟု စျေးသည်များ ပြောဟုဆို
ဟင်္သာတမြို့ တာပေါ်စျေးက ငရုတ်သီးအရောင်တင်မှုန့်ကို စျေးကွက်နမူနာရယူစစ်ဆေးရာမှာ အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ ခွင့်မပြုဆိုးဆေးတွေ့ရှိခဲ့ပြီး ရန်ကုန်ဘက်က ဖြန့်ချိလာတာဖြစ်တယ်လို့ စျေးသည်များက ပြောကြောင်း ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနထံက သိရပါတယ်။