ကျိုက်ထီးရိုးစေတီတောင်တော်အနီး ၀ိဇ္ဇာတောင်နှင့်စမတောင်ကြားရှိ လျှိုအတွင်းသို့ မိုးကြိုးပစ်ခတ်ခဲ့သည့် အရှိန်ကြောင့် ကျိုက်ထီးရိုးစေတီ ကျောက်လုံးတော်မှ ရွှေသင်္ကန်းအချို့ကွာကျခဲ့
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူရာ ပေါင်းလောင်းတောင်တန်းတစ်ဝိုက်မှာ မေလ(၁၅)ရက်နေ့ ည(၁၀)ခွဲ အချိန်ခန့်က မိုးကြီးလေထန်ပြီး စေတီတော်ကြီးမှ ၂မိုင်ကျော်ခန့်အကွာ စမတောင်နဲ့ ၀ိဇ္ဇာတောင်ကြားရှိ လျှိုအတွင်းသို့ မိုးကြိုးကျရောက်ခဲ့တဲ့ အရှိန်ကြောင့် ကျိုက်ထီးရိုးစေတီတော်ကြီး ကျောက်လုံးတော်မှ ရွှေသင်္ကန်းတော်အချို့ ကွာကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။