ဟော်မုဇ်ရေလက်ကြားအနီးတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကိုအီရန်ကအားပေးအားမြှောက် လုပ်ဆောင်ခဲ့ဟု အမေရိကန်တာဝန်ရှိသူများယူဆနေ
ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့ကဟော်မုဇ်ရေလက်ကြားအနီးမှာရေနံတင်သင်္ဘောလေးစင်းကိုတိုက်ခိုက်ဖို့ ဟူသီသူပုန်တွေနဲ့ အီရတ်အခြေစိုက် ရှီးယိုက်ပြည်သူ့စစ်တွေကိုအီရန်ကအားပေးအားမြှောက် လုပ်ဆောင်ခဲ့ကြောင်းအမေရိကန်အစိုးရ တာဝန်ရှိသူတွေကယူဆနေတယ်လို့ သိရပါတယ်။