ပဲရစ်မြို့ရှိ လူဗာပြတိုက်၏ မှန်ပိရမစ် အပါအဝင် ဗိသုကာ လက်ရာအများအပြားကို ဖန်တီးခဲ့သည့် ကမ္ဘာကျော် ဗိသုကာပညာရှင် I.M. Pei အသက် ၁၀၂ အရွယ်တွင် ကွယ်လွန်
ခေတ်မီဒီဇိုင်းပုံစံတွေနဲ့ နာမည်ကျော်အဆောက်အအုံတွေကို ဒီဇိုင်းဖန်တီးခဲ့မှုကြောင့် ၂၀ ရာစုရဲ့ အကျော်ကြားဆုံးနဲ့ ဝင်ငွေအကောင်းဆုံး ဗိသုကာပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ I.M. Pei ဟာ အသက် ၁၀၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။