ဗိုလ်ချုပ်ရုပ်တုနှင့်ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမည်ဟု လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော ကောလဟလများကြောင့် လွိုင်ကော်မြို့ ပြည်နယ် အစိုးရရုံး အပါအဝင် နေရာအချို့တွင် လုံခြုံရေးတိုးမြှင့်ပြီး သံဆူးကြိုးကာရံ လမ်းပိတ်မှုများ ပြုလုပ်ထား
လူမှုကွန်ရက် Facebook ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူတာကို ကန့်ကွက်ဆန္ဒပြမယ်ဆိုတဲ့ ကောလဟလ တွေကြောင့် လွိုင်ကော်မြို့ပြည်နယ် အစိုးရရုံး၊ လွှတ်တော်၊ ဝန်ကြီးများအိမ်ရာ၊ ပန်းခြံပတ်လည်တွေမှာ လုံခြုံရေးတွေ တိုးမြင့်ချ ထားပြီး သံဆူးကြိုးတွေကာရံကာ လမ်းပိတ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။