ရေနံချောင်း-မကွေးလမ်းပိုင်း ဒေါင်းနေတံတားအနီးတွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ ပြီး နှစ်ဦးသေဆုံးကာ ၁၇ ဦးခန့်ဒဏ်ရာရ
မကွေးနှင့်ချောက်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်နှစ်စီးဟာ ရေနံချောင်း-မကွေးလမ်းပိုင်း ဒေါင်းနေတံတား အနီးမှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာကြောင့် ခရီးသည်နှစ်ဦးသေဆုံးကာ ၁၇ဦးခန့် ဒဏ်ရာရရှိခဲ့မှု မေ ၁၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။