မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်သို့ ရေနံစိမ်းများ တင်ဆောင်ရာတွင် ဆီယိုမှုများ ဖြစ်လာနိုင်ပြီး သဘာ၀ သယံဇာတနှင့် အကျိုးစီးပွားများ ထိခိုက်နိုင်မှုကြောင့် ကာကွယ်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု
ရခိုင်ပြည်နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများ တင်ဆောင်ရာမှာ ဆီယိုဖိတ်မှုများဖြစ်လာနိုင်လို့ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်နေတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများရဲ့သဘာ၀ သယံဇာတနှင့်အကျိုးစီးပွားများကို ကာကွယ်ဖို့ ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များ စီမံရေးဆွဲပေးရန် အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။