ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုအချိန်အထိ မြဝတီ-မဲဆောက်နယ်စပ်၌ တရားမဝင် အလုပ်သမား ဖမ်းဆီးရမိမှုများတွင် နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှု အများဆုံးဖြစ်
ပြီးခဲ့တဲ့ အောက်တိုဘာလမှ ယခုအချိန်အထိ မြဝတီ-မဲဆောက် နယ်စပ်ဒေသက တရားမဝင်အလုပ်သမား ဖမ်းဆီးရမိမှုတွေမှာ နိုင်ငံကူးလက်မှတ် အတုကိုင်ဆောင်မှု အများဆုံးဖြစ်တယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် KTG ဥပဒေနှင့်အညီ လူမှုကူညီရေးအသင်းရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ ကိုသားကြီးက ပြောပါတယ်။