ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်မှုတွင် ပါဝင်သည့် ကရင်နီလူငယ် ၆ ဦးကို ကယားပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်မှုမှာ ပါဝင်တဲ့ ကရင်နီလူငယ် ခြောက်ဦးကို ကယားပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ နဲ့ လွိုင်ကော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကရင်နီလူငယ်တွေက မေလ ၁၈ ရက်နေ့၊မနက်ပိုင်းက အတည်ပြုပြောကြားပါတယ်။