မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် မေလ (၁၈)ရက်နေ့ဟာ ဗုဒ္ဓဘာ သာဝင်တို့ရဲ့အထွဋ်အမြတ်ထားရာ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့်လည်း ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထား ကြပါတယ်။