ဧရာဝတီတိုင်း၌ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးရာတွင် လာဘ်ပေး လာဘ်ယူကိစ္စများနှင့် ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခဲ့သည့် ဝန်ထမ်း ၂၁ ဦးအား အရေးယူခဲ့ဟုဆို
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးရာမှာ လာဘ်ပေးလာဘ်ယူကိစ္စများနဲ့ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းဖောက်ခြင်းများ ပြုလုပ်ခဲ့တာကြောင့် အရေးယူခဲ့ရတဲ့့ ဝန်ထမ်း ၂၁ဦးထိရှိခဲ့တယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောပါတယ်။