“ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲထဲက ဒေါက်တာ စံဝတီဆိုတဲ့ကာရိုက်တာအတွက် ဆရာဝန်တွေနဲ ့လေ့လာ ဆွေးနွေးပြီး အသေးစိတ်ကအစအမှားမခံပဲပြင်ဆင်ခဲ့တဲ့အကြောင်းပြောလာတဲ့ အေးဝတ်ရည်သောင်း
“ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲထဲမှာ ဒေါက်တာ စံဝတီဆိုတဲ့ကာရိုက်တာနဲ့မြင်တွေ့ရမယ့် သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ အဆိုပါဇာတ်လမ်းတွဲကိုရိုက်ကူးဖို့၇လ ၈လလောက် ကြိုတင် ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ သူမဟာ အပြင်ကဆရာဝန်တွေရဲ့ပြောဆိုပြုမူပုံတွေကို လေ့လာမှုတွေ၊ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ကာရိုက်တာအတွက် အသေးစိတ်ကအစအမှားမခံပဲ ပြင်ဆင်ခဲ့တဲ့အကြောင်း ကို အခုလိုပဲပြောပါတယ်။