ရန်ကုန်မြို့တွင်ပြုလုပ်မည့် စီမံကိန်းသုံးခုအတွက် JICA ထံမှ ချေးငွေ ဂျပန်ယန်း ၈၂.၂၇၃ ဘီလျံချေးယူရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု
ရန်ကုန်မြို့မိလ္လာပြွန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနဲ့ မြို့ပြဧရိယာဓာတ်အားဖြန့်ဖြူးမှု တိုးတက် ကောင်းမွန်စေရေးစီမံကိန်းတွေအတွက် JICA ထံကနေ ODA ချေးငွေ ဂျပန် ယန်း ၈၂.၂၇၃ ဘီလျံ ချေးယူမယ့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။