ပထမအင်းဝသတိုးမင်းဖျားကြေးသွန်းရုပ်တုကို အင်းဝမြို့ဟောင်းတွင် သီတဂူဆရာတော်ကြီးမှ ဦးဆောင်၍ စိုက်ထူခဲ့
မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းမှာ သီတဂူဆရာတော်ကြီးရဲ့ ဦးဆောင်စီစဉ်မှုဖြင့် ပထမ အင်းဝမြို့တည်နန်းတည်မင်း သတိုးမင်းဖျားရဲ့ကြေးသွန်းရုပ်တုကြီးကို မေ ၂၃ ရက်က အင်းဝမြို့ဟောင်း နန်းတော်အရှေ့ဘက်မှာ စိုက်ထူခဲ့တယ်လို့ သိရပါတယ်။