မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစက်ရုံပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီးဆုရရှိဖို့ဆိုတာက နိုင်ငံအနေအထားနဲ့ အတော်လေးကို အလှမ်းဝေးနေတဲ့ကိစ္စပါ။ ဒါပေမယ့် အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ် လူးဝှဝ်စ်ဘဲ မြို့မှာပြုလုပ်တဲ့ VEX Robotics World Charmpionship 2019 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Judges’ Award ဆုရရှိခဲ့သူတစ်ဦးရှိပါတယ်။ သူကတော့ အသက် ၈နှစ်သာရှိသေးတဲ့ မမေဖူးပွင့်စုံ ပါ။ သူက သူရဲ့ မိဘတွေတည်ထောင်ထားတဲ့ STEM Robotics Education Center မှာ Young Engineering ပညာတွေကို လေ့လာရင်းနဲ့ ဧပြီ ၂၉ရက်နေ့က VEX Robotics World Charmpionship 2019 ပြိုင်ပွဲကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ရာကနေ ဆုရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ မမေဖူးပွင့်စုံနဲ့ သူ့ရဲ့ မိဘတွေကို Eleven ရုပ်သံကနေ သွားရောက်မေးမြန်းထားပါတယ်။
VEX Robotics World Charmpionship 2019 မှာ Judges’ Award ဆုရရှိခဲ့သူ မမေဖူးပွင့်စုံ (ရုပ်သံ)
Most Viewed
Most Recent
18 hours ago
1 day ago
1 day ago
2 days ago
3 days ago