နိုင်ငံ့ဝန်ထမ်းများသည် တက်လာသည့် အစိုးရအပေါ် သစ္စာခံရမည်ဖြစ်ပြီး ဟိုမျှော်ဒီမျှော်ဖြင့် သတင်းပေးလုပ်စရာအကြောင်းမရှိဟု နိုင်ငံတော်သမ္မတ သတိပေး
နိုင်ငံ့ဝန်ထမ်းများအနေနဲ့ တက်လာတဲ့အစိုးရအပေါ် သစ္စာခံရမှာဖြစ်ပြီး ဝန်ထမ်းစည်းမျဉ်း စည်းကမ်းမလိုက်နာဘဲ ဟိုမျှော်ဒီမျှော်နဲ့ သတင်းတွေ၊ အချက်အလက်တွေ ပေးစရာအကြောင်းမရှိဘူးလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားပါတယ်။