သီရိလင်္ကာနိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုများနှင့်ဆက်စပ်နေသည့် သံသယရှိသူမှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားပြီဖြစ်ပြီး လက်ရှိဖမ်းဆီးစစ်ဆေးနေသူမှာ ၄င်းနှင့်အတူ ဗီဇာအတူယူကာလေယာဉ်တစ်စီးတည်း စီးလာသူ ဖြစ်ဟု သိရ
သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ဆက်စပ်နေတဲ့ သံသယရှိသူဟာ မြန်မာနိုင်ငံမှ ပြန် လည်ထွက်ခွာသွားပြီဖြစ်ပြီး သံသယရှိသူနဲ့အတူ ဗီဇာအတူယူကာ လေယာဉ်တစ်စီးတည်း စီးလာတဲ့ လက်ရှိ ဖမ်းဆီးထားသူကိုတော့ ရဲတပ်ဖွဲ့မှစစ်ဆေးနေဆဲဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ပါတယ်။